ရှီကျင့်ဖိန်သည် စီချွမ်းပြည်နယ်တွင် လေ့လာကြည့်ရှု

(GMT+08:00)2022-06-09 16:28:11  

ယခုလ ၈ရက်နေ့ နံနက်ပိုင်းက တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် စီချွမ်းပြည်နယ် မေစန်းမြို့သို့ သွားရောက်လေ့လာကြည့်ရှုခဲ့သည်။ မေစန်းမြို့ ယုံဖုန်းရွာတွင် ရှီကျင့်ဖိန်သည်  စံနှုန်းမြင့်လယ်မြေတိုးချဲ့စိုက်ပျိုးရေး တွန်းအားပေးခြင်းနှင့် စားနပ်ရိက္ခာ ထုတ်လုပ်မှု အားဖြည့်ဆောင်ရွက်ရေး အကြောင်းများကို အဓိကထား လေ့လာစစ်ဆေးကြည့်ရှုခဲ့သည်။ ထို့အပြင်၊ ယုံဖုန်းရွာတွင် ရှီကျင့်ဖိန်သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေးနှင့် ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး စသည့် အကြောင်းများကို သိရှိရန်လည်း အဓိကထား လေ့လာကြည့်ရှုခဲ့သည်။

    ယခုနှစ်တွင် ရှီကျင့်ဖိန်၏ ကျေးလက်ဒေသများတွင် လေ့လာကြည့်ရှုစစ်ဆေးရေး ခရီးစဉ်များ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားပါသည်။