အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေး ကျင်းပမည်

(GMT+08:00)2022-06-08 15:46:37  

 

ယခုလ ၇ရက်နေ့က ကျင်းပသောပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက မကြာခင် ကျင်းပတော့မည့် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေးနှင့်ပတ်သက်၍ အခြေအနေများကို မိတ်ဆက်ပေးခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် ဒေသတွင်းနိုင်ငံများ စည်းလုံးညီညွတ်ရေးနှင့် စိန်ခေါ်မှုများ အတူတကွရင်ဆိုင်ရေး ဆိုင်ရာ သဘောတူညီချက် တစ်ဆင့်တိုး ရရှိရန် တရုတ်ပြည်က မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

ကျောက်လိကျန်းက ဇွန်လ ၈ရက်နေ့မှ ၉ရက်နေ့အထိ အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေးနှင့် အာဆီယံ ဒေသတွင်း ဖိုရမ် အဆင့်မြင့်အရာရှိများ အစည်းအဝေးကို ဗီဒီယို ပုံစံဖြင့် ကျင်းပမည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။