မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်ရန် ပြင်ဆင်နေဟုဆို၊ တရုတ်တုံ့ပြန်

(GMT+08:00)2022-06-08 15:52:44  

    ကမ္ဘာ့အနုမြူစွမ်းအင်အဖွဲ့ အတွင်းရေးမှူးချုပ်က မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ရန် ပြင်ဆင်နေသည့် အရိပ်အယောင်များ တွေ့ရှိခဲ့ကြောင်း ဇွန်လ ၆ ရက်နေ့က ပြောကြားခဲ့သည်။ ၄င်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ၇ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းရန်နှင့် ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးကို အကောင်အထည်ဖော်ဆောင်ရန်မှာ  သက်ဆိုင်ရာဘက်များနှင့် နိုင်ငံတကာမိသားစုကြီး၏ တူညီသော အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ သက်ဆိုင်ရာဘက်များ အနေနှင့် ကိုရီးယားကျွန်းဆွယ်ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် လက်တွဲကြိုးပမ်း ဆောင်ရွက်ဖို့ တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။