တ်န္ခ်ီမွာ ငါးဘေးမဲ့လွှတ်

(GMT+08:00)2022-06-08 15:43:24  

ဇွန်လ ၆ရက်နေ့ဟာ အဌမကြိမ်မြောက် တရုတ်“ငါးဘေးမဲ့လွှတ်နေ့”ဖြစ်တယ်။ တရုတ်“ငါးဘေးမဲ့လွှတ်နေ့”ကို တက်ကြွစွာ တုံ့ပြန်ပြီး Enhancement And Releasing လှုပ်ရှားမှုကို တစ်ခါတည်း ကျင်းပဖို့အတွက် ယူနန်ပြည်နယ် ကူမင်းမြို့ တျန်ချီတောင်ပိုင်း ကမ်းရိုးတန်းမှာ တရုတ်“ငါးဘေးမဲ့လွှတ်နေ့”လှုပ်ရှားမှုကို ကျင်းပခဲ့တယ်၊ ရေနေသတ္တဝါ အရင်းအမြစ်ကို တိုးပွားစေပြီး တျန်ချီ ရေဝန်း ဇီဝပတ်ဝန်းကျင်ကို ပြုပြင်ပါတယ်။ ဒီအကြိမ်လှုပ်ရှားထဲမှာ တျန်ချီထဲကို ငါးကောင်ရေ စုစုပေါင်း လေးသိန်း ၅သောင်းကျော်ကို ဘေးမဲ့လွှတ်ခဲ့ပါတယ်။