တရုတ်နှင့် ကနေဒါ စစ်လေယာဉ်များ ကြုံတွေ့မှုအပေါ် ကနေဒါ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး တရုတ်ကာကွယ်ရေးဝန်ကြီးဌာန တုံ့ပြန်

(GMT+08:00)2022-06-07 16:44:37  

တရုတ်နှင့် ကနေဒါ စစ်လေယာဉ်များ ကြုံတွေ့မှုအပေါ် ကနေဒါ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားခဲ့ရာတွင် တရုတ် ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝူချန်းက မကြာခင်က ကနေဒါ စစ်လေယာဉ်များသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ကျင့်သုံးခြင်းဟု အကြောင်းပြပြီး တရုတ်ပြည်ဘက်အား နီးကပ် ထောက်လှမ်း ရန်စခြင်းကို အားဖြည့် ပြုလုပ်ခဲ့သဖြင့် တရုတ်နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေရုံသာမက နှစ်ဖက် ရှေ့တန်းရောက် ဝန်ထမ်းများ၏ လုံခြုံရေးကိုလည်း အန္တရာယ် ဖြစ်စေခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ယင်းကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ ကနေဒါ အနေနှင့် ယင်းကိစ္စ၏ ပြင်းထန်ဆိုးရွားခြင်းကို မှန်ကန်စွာ သဘောထားပြီး အန္တရာယ်ရှိသည့် မည်သည့် ရန်စမှု မဆို မပြုလုပ်ရန် လှုံ့ဆော် တိုက်တွန်းကြောင်း၊ သို့မဟုတ်လျှင် ယင်းမှ ဖြစ်ပေါ်လာသော ပြင်းထန်သော အကျိုးဆက်ကို ကနေဒါဘက်မှ တာဝန်ယူရမည်ဖြစ်ကြောင်း ယခုလ ၆ ရက်နေ့က ပြောကြားခဲ့သည်။