၂၀၂၂ခုနှစ် တရုတ်တစ်ပြည်လုံး တက္ကသိုလ်ဝင် စာမေးပွဲ စတင်ကျင်းပ

(GMT+08:00)2022-06-07 16:38:51  

၂၀၂၂ ခုနှစ် ဇွန်လ ၇ရက်နေ့ နံနက်ပိုင်းက ထျန်းကျင်းမြို့ ချုံးဟွာ့ အထက်တန်းကျောင်းမှာ“တိုက်ပွဲစစချင်း အောင်မြင်မှု ရရှိခြင်း”ဆိုတဲ့ စကားပုံပါတဲ့ အင်္ကျီကို ဝတ်ဆင်တဲ့ ကျောင်းသားကျောင်းသူများက စာဖြေခန်းကို ဝင်နေကြတယ်။

ဇွန်လ ၇ရက်နေ့က ပီကင်းမြို့ရှိ ပီကင်းတက္ကသိုလ် လက်အောက် အထက်တန်းကျောင်းမှာ ကျုံးကွမ်းဆွင်း အထက်တန်းကျောင်းက  ဆရာဆရာမများဟာ စာမေးပွဲဖြေမယ့် ကျောင်းသားကျောင်းသူများကို ထွေးပွေ့ကြပြီး အားပေးနေတယ်။

ဇွန်လ ၇ရက်နေ့က ကျီးလင်းပြည်နယ် ယန်ကျီးမှာ ကျောင်းသားကျောင်းသူများက အတူတူ အားတင်းထားကြပြီး အပြန်အလှန် အားပေးနေကြတယ်။

ဇွန်လ ၇ရက်နေ့က ဟူပေပြည်နယ် ရှောင်းယန်မြို့ အမှတ်-၅ အထက်တန်းကျောင်းမှာ မိဘတွေက ကျောင်းအပြင်ဘက်မှာ  တန်းစီပြီး စာမေးပွဲအတွက် အကူအညီပေး နေကြတယ်။