ရှင်းကျန်း ရေးရာ သတင်းဖြန့်ခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို ကန်အရာရှိ ဖေါ်ပြ၊ ယင်းသည် ၄င်းတို့က ပထမဆုံးအကြိမ် “ရင်ထဲကအသံ”ကို ဖေါ်ပြခြင်း မဟုတ်ဟု တရုတ် ဆို

(GMT+08:00)2022-06-07 16:46:19  

အမေရိကန် အရာရှိ၏ ရှင်းကျန်းရေးရာနှင့် ပတ်သက်သော စကားများကို ရည်ညွှန်းပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းက ရှင်းကျန်း၌ “လူမျိုးတုံးအောင် ပြုလုပ်သည်” ဟူခြင်းသည် အမေရိကန် နိုင်ငံရေးသမားများက ပြုလုပ်သော ရာစုနှစ် မုသားစကား ဖြစ်ပြီး အမေရိကန်၏ မုသားစကား သံတမန်ရေး ဆိုင်ရာ စံတင်လောက်သော လုပ်ရပ်ဖြစ်ကြောင်း ယခုလ ၆ ရက်နေ့က ပြောကြားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

၂၀၁၈ ခုနှစ်ကပင် အမေရိကန် အဆင့်မြင့် အရာရှိဟောင်း ဝေကစင်က အမေရိကန်က တရုတ်ပြည်၏ တည်ငြိမ်ရေးကို ဖျက်ဆီးချင်လျှင် အကောင်းဆုံး နည်းလမ်းသည် ရှင်းကျန်း၌ မတည်မငြိမ်မှုများကို ပြုလုပ်ပြီး ဝေဂါလူမျိုးကို သွေးထိုးလှုံ့ဆော်၍ အတွင်းပိုင်းမှနေ တရုတ်ပြည် ရှုပ်ထွေးအောင် ပြုလုပ်ခြင်း ဖြစ်ကြောင်း ဝန်ခံ ပြောဆိုခဲ့သည်။ ၂၀၁၅ ခုနှစ်က အမေရိကန် FBI မှ စကားပြန်ဟောင်း အယ်ဒ်မွန်ဇ် ကလည်း အမေရိကန်က “ရှင်းကျန်း၌ တိုင်းရင်းသားလူမျိုးစုအား သတ်ဖြတ် ဒုက္ခရှာခြင်း” ဟူသည်ကို သတင်းဖြန့်သည့် ရည်ရွယ်ချက်သည် ရှင်းကျန်း ရှုပ်ထွေးအောင် ပြုလုပ်ရန် ဖြစ်ကြောင်း ပြောခဲ့ဖူးသည်ဟု သတင်းရရှိပါသည်။