နယ်စပ်ဒေသ ဝမ်းနည်းကြေကွဲဖွယ် အဖြစ်အပျက်မှာ ကန် လူ့အခွင့်အရေး ပြစ်မှုကျူးလွန်မှု များတွင် ရုပ်ဆိုးအကျည်းတန်သော အစိတ်အပိုင်းဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2022-06-07 16:36:10  


တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း က နယ်စပ်ဒေသ ဝမ်းနည်းကြေကွဲဖွယ် အဖြစ်အပျက်မှာ ကန် လူ့အခွင့်အရေး ပြစ်မှုကျူးလွန်မှု များတွင် ရုပ်ဆိုးအကျည်းတန်သော အစိတ်အပိုင်းဖြစ်ကြောင်း၊ အမေရိကန်အစိုးရသည် အစွန်းရောက် နည်းလမ်းများနှင့် လူ မဆန်သော လုပ်ရပ်များဖြင့် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်သူများအား ရက်စက်စွာ သဘောထားကြောင်း၊ အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်သူများသည် အကြမ်းဖက် တရားဥပဒေကျင့်သုံး ဆောင်ရွက်ခြင်းကို ခံရပြီး အချိန်ကြာမြင့်စွာ ဖမ်းဆီးချုပ်နှောင်မှုနှင့် နှိပ်စက်မှုများကို ရင်ဆိုင်ရကာ အထူးသဖြင့် အမျိုးသမီးနှင့် ကလေးသူငယ် စသည့် အားနည်းသော လူအုပ်စု၏ လူ့အခွင့်အရေးသည် ပိုမိုပြင်းထန်စွာ ကျူးကျော်ထိပါးမှု ခံရကြောင်း ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း က အမေရိကန်နိုင်ငံတွင် ပြင်းထန်သော ပြောင်းရွှေ့နေထိုင်သူပြဿနာမှာ ဗိုလ်ကျစိုးမိုးမှု ကျင့်သုံးခြင်း၏ ဆိုးကျိုးပင်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်