နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှုဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ ဆိုသည်ကို ကန် ထုတ်ပြန်

(GMT+08:00)2022-06-07 16:34:23  

နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှုဆိုင်ရာ ၂၀၂၁ခုနှစ် အစီရင်ခံစာ ဆိုသည်ကို အမေရိကန်နိုင်ငံမှ ထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ကျောက်လိကျန်း က အမေရိကန်နိုင်ငံ၏ အစီရင်ခံစာတွင် တရုတ်နိုင်ငံနှင့် ပတ်သက်သော အကြောင်းအရာနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony John Blinkenမှ တရုတ်နိုင်ငံအပေါ် မူဝါဒနှင့်ပတ်သက်သော သက်ဆိုင်ရာပြောဆိုချက်မှာ အဖြစ်မှန်ကို လျစ်လျူရှုပြီး အတွေးအခေါ်ဆိုင်ရာ တစ်ဖက်သတ်အမြင် ပြည့်လျှံကာ တရုတ်နိုင်ငံ၏ ဘာသာရေးမူဝါဒကို မဟုတ်မမှန် ပုတ်ခတ်ပြောဆို၍ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ပြင်းထန်စွာ ဝင်ရောက်စွက်ဖက်ကြောင်း ဇွန်လ ၆ရက်နေ့က ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း က စင်စစ်အားဖြင့် အမေရိကန်နိုင်ငံ ပြည်တွင်းရှိ လူနည်းစုများ၏ ဘာသာရေးနှင့် နေထိုင်မှုအခြေအနေသည် တကယ် စိုးရိမ် ဖွယ်ရာ ရှိကြောင်း၊ ကာလကြာရှည်စွာ အမေရိကန် ဌာနေတိုင်းရင်းသားများသည် လျစ်လျူရှုမှုနှင့် အထင်သေးခွဲခြားမှုကို ခံရကြောင်း၊ အင်ဒီယန်လူမျိုး၏ ယဉ်ကျေးမှုကို အရင်းခံမှနေ ဖျက်ဆီးပြီး အင်ဒီယန်လူမျိုး၏အသက်၊ စိတ်ဓာတ်နှင့် ခေတ်အဆက်ဆက် လက်ဆင့်ကမ်းခြင်းသည် ပြင်းထန်သော ခြိမ်းခြောက်မှုများ ခံရကြောင်း ပြောကြားခဲ့ပါသည်။