ရှီကျင့်ဖိန်သည် ၂၀၂၂ ဇွန်လ ၅ ရက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အမျိုးသားနေအိမ်ပွဲ လှုပ်ရှားမှုထံသို့ ဂုဏ်ပြုစာစောင်ပေးပို့

(GMT+08:00)2022-06-06 23:40:03  

    ၂၀၂၂ ခုနှစ် ဇွန်လ ၅ ရက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အမျိုးသားနေအိမ်ပွဲ လှုပ်ရှားမှုကို ယခုလ ၅ ရက်နေ့က လျောင်နင်ပြည်နယ် ရှိန်ယန်မြို့တွင်ကျင်းပခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်  လှုပ်ရှားမှုကျင်းပခြင်းအတွက် နွေးထွေးစွာ ဂုဏ်ပြုကြောင်း စာစောင်ပေးပို့ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ထိုဂုဏ်ပြုစာတွင် ရှီကျင့်ဖိန်က ဂေဟပတ်ဝန်းကျင်သည် လူသားရှင်သန်မှုနှင့် တိုးတက်မှု၏ အခြေခံအုတ်မြစ်ဖြစ်ပြီး၊ ကောင်းမွန်သော ဂေဟပတ်ဝန်းကျင် ထိန်းသိမ်းနိုင် ခြင်းသည် အနိုင်နိုင်ငံ ပြည်သူများ၏ ဘုံတူဆန္ဒဖြစ်ကြောင်း ဖော်ပြသည်ဟု သတင်းအရ သိရသည်။