ဝမ်ယိသည် “တရုတ်+အလယ်အာရှ(၅)နိုင်ငံ”နိုင်ငံခြားရေးဝန်ကြီးများ တတိယအကြိမ် တွေ့ဆုံပွဲသို့ တက်ရောက်မည်ဖြစ်ပြီး ကာဇာတ်စတန်သို့ တရားဝင်ခရီးလှည့်လည်မည်

(GMT+08:00)2022-06-06 20:39:00  

    ကာဇာတ်စတန်နိုင်ငံဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Tileuberdi၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဇွန်လ ၆ရက်နေ့မှ ၉ရက်နေ့အထိ “တရုတ်+အလယ်အာရှ(၅)နိုင်ငံ”နိုင်ငံခြားရေးဝန်ကြီးများ တတိယအကြိမ် တွေ့ဆုံပွဲသို့ တက်ရောက်ရန် ကာဇာတ်စတန်နိုင်သို့ သွားရောက်မည်ဖြစ်ပြီး ကာဇာတ်စတန်သို့ တရားဝင်ခရီးလှည့်လည်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ၆ရက်နေ့က ကြေညာခဲ့ပါသည်။