ရှင်းကျူး အမှတ် ၁၄ အာကာသယာဉ်မှ အာကာသယာဉ်မှူးများသည် ထျန်းကျူး အမှတ် ၄ အတွင်းသို့ ချောမောစွာ ဝင်ရောက်

(GMT+08:00)2022-06-06 16:42:21  

    အာကာသ စခန်း ထျန်းဟို- အဓိကမော်ဂျူး အတွင်းသို့ ဝင်ရောက် အခြေချခဲ့သည့် ရှင်ကျူး အမှတ် ၁၄မှ အာကာသယာဉ်မှူးများသည် ပီကင်း စံတော်ချိန် ၆ရက်နေ့ နံနက် ၁၁နာရီ ၉မိနစ် အချိန်တွင် ထျန်းကျူး အမှတ် ၄ ကုန်တင်မော်ဂျူး၏ တံခါးကို အောင်မြင်စွာ ဖွင့်လှစ်ပြီး ပတ်ဝန်းကျင် တိုင်းတာ စစ်ဆေးရေး စသည့် ပြင်ဆင်ရေး လုပ်ငန်းကို ဆောင်ရွက်ကာ မွန်းလွဲ ၁၂နာရီ ၁၉မိနစ် အချိန်တွင် ထျန်းကျူး အမှတ် ၄ ကုန်တင် အာကာသယာဉ် အတွင်းသို့ အဆင်ပြေစွာ ဝင်ရောက်ခဲ့ကြကြောင်း၊ ပြီးနောက် အာကာသ ယာဉ်မှူးများသည် ထျန်းကျူး အမှတ် ၃ ကုန်တင် အာကာသယာဉ် အတွင်းသို့ ဝင်ရောက်မည် ဖြစ်ကြောင်း၊ အာကာသယာဉ်မှူးများသည် စီစဉ်ထားသည့် အတိုင်း ကုန်ပစ္စည်း လွှဲပြောင်းရေး စသည့် လုပ်ငန်းများကို ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း တရုတ် လူပါ အာကာသ လုပ်ငန်းရုံးမှ သတင်းအရ သိရသည်။