ရှင်ကျိုးအမှတ် ၁၄ က အာကာသယာဉ်မှူး သုံးဦးသည် ထျန်းဟို အဓိကမော်ဂျူးတွင် အောင်မြင်စွာ စခန်းချခဲ့

(GMT+08:00)2022-06-06 16:41:13  

တရုတ်နိုင်ငံ လူပါအာကာသယာဉ်လုပ်ငန်းရုံးမှ သတင်းအရ ရှင်ကျိုးအမှတ် ၁၄ လူလိုက်ပါသော အာကာသယာဉ်နှင့် အာကာသစခန်း ပေါင်းစပ်မှုသည် အလိုအလျောက် လျင်မြန်စွာ ချိတ်ဆက်ပြီးနောက်၊ အာကာသယာဉ်မှူးများသည် re-entry မော်ဂျူးမှ orbital မော်ဂျူးသို့ ဝင်ရောက်လာခဲ့ကြသည်။ အစီအစဉ်အရ ပြင်ဆင်မှုအားလုံးကို ပြီးမြောက်ပြီးနောက် အာကာသယာဉ်မှူး ချင်တုန်းသည် ထျန်းဟို အဓိကမော်ဂျူး၏ တံခါးကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ပေကျင်းစံတော်ချိန် ၂၀၂၂ခုနှစ် ဇွန်လ ၅ရက်နေ့ ည ၈ နာရီ မိနစ် ၅၀ တွင် အာကာသယာဉ်မှူး ချင်တုန်း၊လျူယန် နှင့် ဆိုက်ရှုကျယ်တို့သည် ထျန်းဟို အဓိကမော်ဂျူးသို့ အလှည့်ကျ ဝင်ရောက်ခဲ့ကြသည်။  အနာဂတ်တွင် အာကာသယာဉ်မှူးများသည် စီစဉ်ထားသည့်အတိုင်း သက်ဆိုင်ရာလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်သည်။