ရှင်ကျူး အမှတ် ၁၄ လူပါ အာကာသယာဉ် အောင်မြင်စွာ လွှတ်တင်

(GMT+08:00)2022-06-05 14:09:08  

ပီကင်း စံတော်ချိန် ယခုလ ၅ရက်နေ့ နံနက် ၁၀နာရီ ၄၄မိနစ် အချိန်တွင် ရှင်ကျူး အမှတ် ၁၄ လူပါ အာကာသယာဉ်ကို သယ်ဆောင်ထားသော ချန်ကျင်း အမှတ် ၂ F ယော ၁၄ သယ်ဆောင် ဒုံးပျံကို ကျိုချွမ် ဂြိုဟ်တု လွှတ်တင်ရေး စင်တာတွင် အောင်မြင်စွာ လွှတ်တင်ပြီး ၅၇၇စက္ကန့် အကြာတွင် ရှင်ကျူး အမှတ် ၁၄ လူပါ အာကာသယာဉ်သည် သယ်ဆောင်ဒုံးပျံနှင့် အောင်မြင်စွာ ခွဲခွါကာ ကြိုတင် သတ်မှတ်ထားသော ကမ္ဘာပတ်လမ်းကြောင်းသို့ ဝင်ရောက်ခဲ့ကြောင်း တရုတ် လူပါ အာကာသ လုပ်ငန်းရုံးမှ သတင်းအရ သိရသည်။

ယင်းသည် တရုတ် လူပါ အာကာသ လုပ်ငန်းကို စတင် အကောင်အထည် ဖော်ဆောင်ခဲ့သည့် နောက်ပိုင်းတွင် ၂၃ကြိမ်မြောက် ပျံသန်းရေး တာဝန် ဖြစ်ပြီး အာကာသစခန်း အဆင့်ကာလတွင် တတိယ အကြိမ် လူပါ ပျံသန်းရေး တာဝန်လည်း ဖြစ်သည်။