ယူနန်ပြည်နယ်တောင်ကြီးထဲမှာ “နှေးကွေးတဲ့ရထားလိုင်း”

(GMT+08:00)2022-06-04 15:39:04  

ယူနန်ပြည်နယ် ကူမင်းမြို့မှ ကွေ့ကျိုးပြည်နယ် ဟုန်ကိုအထိ ပြေးဆွဲတဲ့ အမှတ် ၅၆၅၂၊၁ ရထားဟာ တရုတ်ရထားလိုင်း ကူမင်းဗျူရို ဂရုလီမိတက်ကုမ္ပဏီမှ ဖွင့်လှစ်တဲ့ “နှေးကွေးတဲ့ရထားလိုင်း”၄လိုင်းထဲမှာ တစ်လိုင်းအပါအဝင်ဖြစ်တယ်၊ ခရီးတစ်လျှောက် ၂၆၁ ကီလိုမီတာ ရှည်ပြီး ဘူတာရုံ(၆)ရုံ နဲ့ စောင့်ထိန်းသူမရှိတဲ့ဘူတာရုံလေး(၁၀)ရုံ ရှိတယ်၊ လက်မှတ်ဈေးနှုန်း အမြင့်ဆုံး တရုတ်ငွေ (၃၆.၅)ယွမ်ရှိပြီး အနိမ့်ဆုံးကတော့ (၄)ယွမ်သာ ရှိတယ်။ ဒီရထားလိုင်း မြန်နှုန်းအရမ်းနှေးပေမဲ့ ဘူတာရုံရောက်မှ ရပ်လေ့ရှိတယ်၊ ပြေးဆွဲချိန်ကြာပေမဲ့ လမ်းတစ်လျှောက်ရှိ တိုင်းရင်းသားလူမျိုးစု ပြည်သူများအတွက် အရေးကြီး လမ်းပန်းဆက်သွယ်ရေးနည်းလမ်းဖြစ်တယ်၊ ပြီးခဲ့တဲ့ နှစ်များမှာ လမ်းတစ်လျှောက်ရှိ ပြည်သူများရဲ့ နေထိုင်မှုဘဝ ကောင်းမွန်လာခြင်း အတွက် အကျိုးပြု စွမ်းဆောင်ပါတယ်။