ရှီကျင့်ဖိန်၏ ဂေဟစနစ်ယဉ်ကျေးမှုအတွေးအခေါ်သည် ကမ္ဘာ့ဆက်တိုက် ဖွံ့ဖြိုးမှုအတွက် ဦးတည်ချက်ကို ညွှန်ပြပေးသည်ဟု နိုင်ငံခြားပုဂ္ဂိုလ်များ ဖော်ပြ

(GMT+08:00)2022-06-04 15:34:57  

တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ည်ီလာခံ အပြီးကာလပိုင်းတွင် အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်သည် ဂေဟစနစ် ယဉ်ကျေးမှုတည်ဆောက်ရေးအယူအဆသစ်၊ အတွေးအခေါ်သစ်နှင့် မဟာဗျူဟာသစ်များ ကို အဆိုတင်သွင်းခဲ့သည်။ ပြီးခဲ့သည့် ဆယ်နှစ်အတွင်း ရှီကျင့်ဖိန်၏ ဂေဟစနစ် ယဉ်ကျေးမှုအတွေးအခေါ်မှ ညွှန်ပြချက်အရ လှပသော တရုတ်ပြည် တည်ဆောက်ခြင်းမှ လှပသောကမ္ဘာမြေ အတူတည်ဆောက်ခြင်းအထိ၊ တရုတ်ဂေဟစနစ် ယဉ်ကျေးမှု တည်ဆောက်ရေးတွင် ရရှိခဲ့သည့် အောင်ကျိုးရလဒ်များသည် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ကျယ်ပြန့်သော ချီးကျူးမှုများကို ခံခဲ့ရသည်။

ကမ္ဘာ့ပတ်ဝန်းကျင်နေ့ ကျရောက်လာသည့်အခါသမယတွင် နိုင်ငံများမှ ပုဂ္ဂိုလ်တို့က ရှီကျင့်ဖိန်၏ ဂေဟစနစ်ယဉ်ကျေးမှုဆိုင်ရာ အတွေးအခေါ်သည် လူသားတို့၏ ဆက်တိုက် ဖွံ့ဖြိုးရေးအတွက် ဦးတည်ချက်ကို ညွှန်ပြပေးသည်ဟု ပြောဆိုခဲ့ကြသည်။