ရှင်ကျိုး အမှတ် ၁၄ မှ အာကာသယာဉ်မှူးများသည် ပတ်လမ်းတွင် ၆ လကြာ နေထိုင်မည်

(GMT+08:00)2022-06-04 15:35:38  

ဇွန်လ ၄ ရက်နေ့က ဂျိုချွမ်-ဂြိုလ်တုလွှတ်တင်ရေးစင်တာ၌် ကျင်းပသည့် ရှင်ကျိုး အမှတ် ၁၄ လူပါပျံသန်းမှုတာဝန်ဆိုင်ရာ  သတင်းစာရှင်းလင်းပွဲတွင် တရုတ်လူပါ အာကာသလုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူ လင်ရှီချန်က တာဝန်ကွပ်ကဲမှုဌာနချုပ်မှ သုတေသနပြုမှုနှင့် ဆုံးဖြတ်ချက်အရ ပီကင်းစံတော်ချိန် ဇွန်လ ၅ ရက်နေ့ နံနက် ၁၀ နာရီ ၄၄ မိနစ်တွင် ရှင်ကျိုးအမှတ် ၁၄ လူပါ အာကာသယာဉ်ကို လွှတ်တင်သွားမည်ဖြစ်ကြောင်း၊ ယင်းပျံသန်းမှုတာဝန် ထမ်းဆောင်သည့် အာကာသယာဉ်မှူးများသည် ပတ်လမ်းတွင် ၆ လ ကြာ နေထိုင်သွားကြမည်ဖြစ်ကြောင်း မိတ်ဆက်ခဲ့သည်ဟု သတင်းအရသိရသည်။