ယခုနှစ် ပထမ(၅)လများတွင် တရုတ်-ဗီယက်နမ် ရထားပြေးဆွဲမှုသည် ရာခိုင်နှုန်း(၂၀)တိုးများ

(GMT+08:00)2022-06-04 15:38:14  

တရုတ်ရထားလိုင်း နန်နင်းဗျူရိုဂရုလီမိတက်ကုမ္ပဏီမှ စာရင်းအရ ယခုနှစ် ဇန်နဝါရီလမှ မေလအထိ တရုတ်-ဗီယက်နက် နိုင်ငံဖြတ်ကျော် ပြေးဆွဲသောရထားတွဲ စုစုပေါင်း (၁၄၀)ရှိပြီး ကုန်သေတ္တာ (၄၁၇၆)ခုကို ပို့ဆောင်ကာ ယမန်နှစ်အလားတူအချိန်ပိုင်းကထက် (၂၀.၇)ရာခိုင်နှုန်းနှင့် (၂၆.၅)ရာခိုင်နှုန်း အသီးသီးတိုးများလာကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ယခုနှစ်တွင် ကွမ်ရှီး ရထားလမ်းဖြင့် နိုင်ငံဖြတ်ကျော် ပို့ဆောင်မှုလုပ်ငန်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံဖြတ်ကျော် ကုန်စည်ပို့ဆောင်မှုပမာဏသည် အဆက်မပြတ် တိုးချဲ့လာကြောင်း၊ ပို့ကုန်ပစ္စည်းများတွင် စက်ယန္တယားပစ္စည်း၊ လျှပ်စစ်ဓါတ်အားပေးစက်၊ အီလက်ထရွန်နစ်ပစ္စည်းများ အဓိကပါဝင်ကြောင်း၊ “တရုတ်ထွက်ကုန်ပစ္စည်း” “တရုတ် ထုတ်ကုန်ပစ္စည်း”ကို အာဆီယံနိုင်ငံများ ပိုမိုကြိုဆိုပါကြောင်း၊ သွင်းကုန်ပစ္စည်းများတွင် သစ်သီးဝလံ၊ အဝတ်အစား အဓိကပါဝင်ကြောင်း သတင်းရရှိပါသည်။