ထာလီမူရေနံမြေသဲကန္တာရအဝေးပြေးလမ်း "Zero Carbon" စံပြ ပရောဂျက်တည်ဆောက်ပြီးစီး

(GMT+08:00)2022-06-03 14:36:13  

ယခုလ ၂ ရက်နေ့တွင် တရုတ်နိုင်ငံ၏ အရှည်လျားဆုံးPhotovoltaic controlစီမံကိန်းဖြစ်သည့် ထာလီမူရေနံမြေသဲကန္တာရအဝေးပြေးလမ်း "Zero Carbon" စံပြ ပရောဂျက်ကို ထာခဲ့လာမာကန်းသဲကန္တာရတွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။

သဲကန္တာရအဝေးပြေးလမ်းမကြီးသည် ကီလိုမီတာ ၅၆၆ ရှည်လျားပြီးအဆိုပါပရောဂျက်သည် အဝေးပြေးလမ်းမကြီး၏ နှစ်ဖက်တွင် Photovoltaicဓာတ်အားပေးစက်ရုံ ၈၆ ရုံကိုတည်ဆောက်ပြီးအဝေးပြေးလမ်းမကြီးတစ်လျှောက် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးသစ်တောဟက်တာ ၃၁၀၀ ကျော်ကိုဓါတ်အားထုတ်လုပ်မှုဖြင့် ရေစုပ်ယူပြီးရေလောင်းကာမူလဒီဇယ်အင်ဂျင်ကိုလုံးဝအစားထိုး၍ ဒီဇယ်ဓာတ်အားထုတ်လုပ်မှုနှင့် နှိုင်းယှဉ်ပါကတစ်နှစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန် ၃၃၃၀ လျှော့ချသည်ဟုသိရပါသည်။