လီခေ့ချန်သည် ဆလိုဗေးနီးယားနိုင်ငံဝန်ကြီးချုပ်သစ် ရောဘက် ကိုလောဘ်ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2022-06-03 21:25:28  

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည် ဇွန်လ ၁ ရက်နေ့တွင် ဆလိုဗေးနီးယားနိုင်ငံ ဝန်ကြီးချုပ်သစ် ရောဘက် ကိုလောဘ်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

ယင်းသဝဏ်လွှာတွင် ယခုနှစ်များတွင် တရုတ်နှင့် ဆလိုဗေးနီးယား နှစ်နိုင်ငံ ဆက်ဆံရေး တည်ငြိမ်စွာ တိုးတက်ရေး အရှိန်ကောင်းကို ထိန်းသိမ်းထားပြီး နယ်ပယ်အသီးသီး၌ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ် နက်ရှိုင်းလာ၍ အပြုသဘောဆောင်သော အောင်ကျိုးရလဒ်များ ရရှိခဲ့ကြောင်း၊ မိမိသည် ဝန်ကြီးချုပ်နှင့်အတူ တရုတ်-ဆလိုဗေးနီးယား သံတမန်ဆက်ဆံရေး ထားရှိခြင်း နှစ် ၃၀ပြည့် အခွင့်ကောင်းကို အသုံးချပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးအစဉ်အလာ ထွန်းကားစေ၍ နှစ်ဖက် အကြား လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးပြုစွမ်းဆောင်လိုကြောင်းဖော်ပြပါသည်။