တရုတ်-လာအိုရထားလမ်းပြေးဆွဲလာသည့် နှစ်ဝက်အတွင်းသွင်းကုန်ပို့ကုန်ပမာဏတန် ၆သိန်း ရှိ

(GMT+08:00)2022-06-03 14:49:29  

တရုတ်-လာအိုရထားလမ်းလည်ပတ်ပြေးဆွဲလာသည့် နှစ်ဝက်အတွင်းတွင် သွင်းကုန်ပို့ကုန်ပမာဏစုစုပေါင်းတန် ၆သိန်း ၄ထောင် ရှိပြီး တန်ဖိုးစုစုပေါင်း တရုတ်ယွမ်ငွေ ၆့၄၇ ဘီလီယံရှိကြောင်း၊ အဆိုပါ သွင်းကုန်ပို့ကုန်များတွင် အစားအစာ၊ နေ့စဉ်သုံးပစ္စည်း၊ သတ္တုပစ္စည်းများအပါအဝင် အမျိုးပေါင်း ၂၀၀၀ ကျော်ရှိကြောင်း၊ တရုတ်လာအိုရထားလမ်းကွန်ရက်သည် လာအို၊ ထိုင်း၊ စင်္ကာပူစသည့် Belt and Roadတစ်လျှောက်ရှိ နိုင်ငံများနှင့် ဆက်သွယ်ပေးပြီး နိုင်ငံတကာကုန်စည်ပို့ဆောင်ရေးနယ်ပယ်မှ ရွှေလမ်းကြောင်းအဖြစ် ပိုမိုအရေးကြီးသောအခန်းကဏ္ဍ၌ ပါဝင်ဆောင်ရွက်နေကြောင်းသတင်းအရသိရပါသည်။