Xiluodu ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီစုစုပေါင်း ဘီလီယံ၅၀၀ ကျော်ထုတ်လုပ်ခဲ့ပြီ

(GMT+08:00)2022-06-03 14:29:34  

ဇွန်လ ၂ရက်နေ့က China Three Gorges Corporation မှ ထုတ်ပြန်သော သတင်း အရ တရုတ်နိုင်ငံတွင် တတိယအကြီးဆုံး၊ ကမ္ဘာပေါ်တွင် စတုတ္ထအကြီးဆုံးသောရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဖြစ်သည့် Xiluodu ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည်လျှပ်စစ်ဓာတ်အားကီလိုဝပ်နာရီ စုစုပေါင်း ဘီလီယံ၅၀၀ကျော် ထုတ်လုပ်ခဲ့ပြီဖြစ်ပါသည်။ လျှပ်စစ်ဓာတ်အားကီလိုဝပ်နာရီ ဘီလီယံ၅၀၀ ဆိုလျှင် လူသန်း၆၀၀၏ ၁နှစ် နေထိုင်မှုအတွက် လျှပ်စစ်ဓာတ်အားပေးနိုင်ပြီး ကျောက်မီးသွေး တန်ချိန်ပေါင်း၁၅၂သန်းကို အစားထိုး၍ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုတန်ချိန်ပေါင်း၄၁၆သန်း လျှော့ချနိုင်ပါသည်။

Xiluodu ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည်လျှပ်စစ်ဓာတ်အား ထုတ်လုပ် နိုင်သည့်အပြင် ရေဘေးကာကွယ်ခြင်း၊ သဲကာခြင်းနှင့်မြစ်ကြေရေကြောင်းပို့ဆောင်ရေးအခြေအနေ ကောင်းမွန်စေခြင်းစသည့် အကျိုးဖြစ်ထွန်းမှုလည်းရှိပါသည်။