အမေရိကန်-ထိုင်ဝမ် ၂၁ ရာစု ကုန်သွယ်ရေး အဆိုပြုချက်သည် တရုတ်နှင့် အမေရိကန် ဆက်ဆံမှု အန္တရာယ် ဖြစ်စေမည်သာ ဖြစ်သည်

(GMT+08:00)2022-06-03 14:26:42  

ဇွန်လ ၁ ရက်နေ့မှာ အမေရိကန် ဒုတိယ ကုန်သွယ်ရေး ကိုယ်စားလှယ် ဘီအန်ချီက ထိုင်ဝမ် ကိုယ်စားလှယ်နဲ့ ဗီဒီယို တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ပြီး “အမေရိကန်-ထိုင်ဝမ် ၂၁ ရာစု ကုန်သွယ်ရေး အဆိုပြုချက်” ဆိုတာကို စတင်ဖေါ်ဆောင်ဖို့ ကြေညာခဲ့တယ်။ အဲဒါဟာ အမေရိကန်နဲ့ ထိုင်ဝမ်တို့ ပူးပေါင်းပြီး စီးပွားကုန်သွယ်ရေးကို အကြောင်းပြချက် အဖြစ် ထား၍ ပြုလုပ်တဲ့ နောက်ထပ်တစ်ခု နိုင်ငံရေး ဟာသဇာတ်လမ်း ဖြစ်ပြီး ရည်ရွယ်ချက် ကတော့ “ထိုင်ဝမ်ကို အသုံးပြုပြီး တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တား”ဖို့နဲ့ “အမေရိကန်ကို အားကိုးပြီး သီးခြားတည်ရှိရေးကို ရှာကြံ”ဖို့ပဲ ဖြစ်ပါသေးတယ်။ အမေရိကန်ရဲ့ ဒီလုပ်ရပ်ဟာ တရုတ်နဲ့ အမေရိကန် ပူးတွဲပြန်တမ်းသုံးရပ်မှာ ကတိပြုချက်ကို ကျောခိုင်းဖောက်ဖျက်ပြီး တရုတ်နဲ့ အမေရိကန် ဆက်ဆံမှု အန္တရာယ် ဖြစ်စေမည်သာ ဖြစ်ပါတယ်။

ထိုင်ဝမ်ရေးရာဟာ တရုတ်ပြည်ရဲ့ အမြုတေကျတဲ့ အကျိုးစီးပွားနဲ့ ပတ်သက်တဲ့အပြင် တရုတ်နဲ့ အမေရိကန် ဆက်ဆံမှုမှာ အရေးအကြီးဆုံး၊ ချင့်ချင့်ချိန်ချိန် အထားသင့်ဆုံး၊ အမြုတေ အကျဆုံးသော ရေးရာလည်း ဖြစ်ပါတယ်။ ထိုင်ဝမ်ရေးရာကို သင့်တော်စွာ မကိုင်တွယ်ဖြေရှင်းပါက တရုတ်နဲ့ အမေရိကန် ဆက်ဆံမှုကို အဖျက်သဘော ဖြစ်တဲ့ ဂယက်ရိုက်ခတ်မှု ဖြစ်စေမယ်လို့ တရုတ်ပြည်ဘက်က ရှင်းလင်းပြတ်သားစွာ ဖေါ်ပြခဲ့ဖူးတယ်။ ဒီအကြိမ် အမေရိကန် အစိုးရက တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေးမူကို စွဲကိုင်ပြီး ထိုင်ဝမ် သီးခြားတည်ရှိရေးကို မထောက်ခံကြောင်း အကြိမ်ကြိမ် ကတိပြုခဲ့တယ်၊ ဒါပေမယ့် လက်တွေ့ ဆောင်ရွက်မှုတွေ ကတော့ ကတိပြုချက်ကို ဖောက်ဖျက်ပြီး ထိုင်ဝမ် ပင်လယ် ငြိမ်းချမ်းတည်ငြိမ်မှုကို ဖျက်ဆီးနေခဲ့ပါတယ်။

 တရုတ်နိုင်ငံဟာ တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရမယ်၊ တစ်ပေါင်းတစ်စည်းတည်း ဖြစ်မှာ မုချဧကန်ပါပဲ။ အဲဒါဟာ သမိုင်း ရေစီးကြောင်း ဖြစ်ပြီး ဘယ်သူ မဆို ဘယ်အင်အားစု မဆို တားမြစ်နိုင်မှာ မဟုတ်ဘူးလို့ China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။