အမေရိကန်သည် တရုတ်နှင့်ပစိဖိတ်ကျွန်းနိုင်ငံများအကြား ပုံမှန်ပူးပေါင်းဆောင်ရွက်မှုကို မဟုတ်မမှန် ပုတ်ခတ်ပြောဆိုသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2022-06-02 14:00:32  

မေလ ၃၁ ရက်နေ့က အမေရိကန်သမ္မတဘိုင်ဒန်သည် နယူးဇီလန်ဝန်ကြီးချုပ် Ardern နှင့်တွေ့ဆုံပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ကာ၊ ပစိဖိတ်ဒေသ မဟာဗျူဟာ ပြိုင်ဆိုင်မှုပြင်းထန်လာမည်ကို စိုးရိမ်ကြောင်း၊ တရုတ်-ဆော်လမွန် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မူဘောင်သဘောတူညီချက်အပေါ် စိုးရိမ်ကြောင်း ဖေါ်ပြခဲ့သည်။ ကြေညာချက်တွင် တောင်ပင်လယ်အရေးကို ပြောမိပြီး ထိုင်ဝမ်၊ ရှင်းကျန်း၊ ဟောင်ကောင် စသည့်ရေးရာများနှင့်ပတ်သက်၍ တရုတ်နိုင်ငံကို ပြစ်တင်ခဲ့သည်။ ဇွန်လ ၁ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက သက်ဆိုင်ရာပူးတွဲကြေညာချက်အား တရုတ်နိုင်ငံက သတိပြုမိကြောင်း၊ အဆိုပါကြေညာချက်၏ သက်ဆိုင်ရာ အကြောင်းအရာသည် တရုတ်နှင့် ပစိဖိတ်ကျွန်းနိုင်ငံများ၏ ပုံမှန်ပူးပေါင်း ဆောင်ရွက်မှုကို မဟုတ်မမှန် ပုတ်ခတ်ပြောဆိုပြီး တောင်ပင်လယ်အရေးကို တမင်တကာ အလွန်အမင်း ဝါဒဖြန့်ကာ ထိုင်ဝမ်၊ ရှင်းကျန်းနှင့် ဟောင်ကောင် စသည့် တရုတ်ပြည်တွင်းရေးကို ပြစ်တင်ပြောဆိုကာ တရုတ်ပြည်တွင်းရေးကို ကြမ်းတမ်းစွာ ဝင်ရောက်စွက်ဖက်ကြောင်း၊ ယင်းကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ပြောကြားပါသည်။