ရှီကျင့်ဖိန်သည် တရုတ် စုန့်ချင့်လင် ရန်ပုံငွေအဖွဲ့ တည်ထောင်ခဲ့သည့် နှစ် ၄၀ ပြည့် ဝမ်းမြောက်ကြောင်းစာ ပေးပို့

(GMT+08:00)2022-06-02 10:51:54  

တရုတ် စုန့်ချင့်လင် ရန်ပုံငွေအဖွဲ့ တည်ထောင်ခဲ့သည့် နှစ် ၄၀ ပြည့်မြောက်နှစ် အခါသမယတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဝမ်းမြောက်ကြောင်းစာ ပေးပို့ပြီး ရန်ပုံငွေအဖွဲ့ ဝန်ထမ်းအားလုံးအား လှိုက်လှဲစွာ ထောမနာပြုကာ ရန်ပုံငွေအဖွဲ့အတွက် အကျိုးဆောင်ပေးခဲ့သော ပြည်တွင်းပြည်ပအလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များအား စိတ်ရင်းမှန်ဖြင့် နှုတ်ခွန်းဆက်သကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။