တရုတ်-ရုရှား တတ်သိပညာရှင်များအဖွဲ့ အဆင့်မြင့်ဖိုရမ်တွင် ဝမ်ယိ မိန့်ခွန်းပြောကြား

(GMT+08:00)2022-06-02 13:58:25  

ဇွန်လ ၁ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် ဗီဒီယိုပုံစံဖြင့် တရုတ်-ရုရှား တတ်သိပညာရှင်များအဖွဲ့ အဆင့်မြင့် ဖိုရမ်တွင် စည်းလုံးညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို အားသစ်လောင်းပေးပြီး တစ်ကမ္ဘာလုံး စီမံခန့်ခွဲမှုကို ပိုမိုပြည့်စုံကောင်းမွန်စေရေးဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ဝမ်ယိ က လက်ရှိ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ယုံကြည်မှုနှင့် စီမံခန့်ခွဲမှု အခြေအနေ ဆက်တိုက် ဆိုးဝါးလာနေကြောင်း၊ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် ခေတ်ဖွံ့ဖြိုးတိုးတက်ရေး ရေစီးကြောင်းနှင့်အညီ နိုင်ငံအသီးသီးမှ ပြည်သူများ၏ ရင်ဖွင့်သံအလိုက် တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်၊ တစ်ကမ္ဘာလုံးလုံခြုံရေး အဆိုပြုချက်ကို ရှေ့ဆင့် နောက်ဆင့် တင်ပြပြီး ဆက်တိုက်ဆိုးဝါးသွားနေသော အခြေအနေ ပပျောက်စေရန် တရုတ်ဉာဏ်ကို ထောက်ပံ့ပေး၍ နိုင်ငံတကာအသိုင်းအဝိုင်းမှ တက်ကြွသော တုံ့ပြန်မှု ရရှိကြောင်း ပြောကြားခဲ့ပါသည်။

ဝမ်ယိ က တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့်အတူ နှစ်နိုင်ငံထိပ်သီးခေါင်းဆောင် များ ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီမှုများကို ဆက်လက် အကောင်အထည်ဖော် ရန်၊ ကမ္ဘာကို ပိုမိုငြိမ်းချမ်းပြီး ပိုမိုလုံခြုံကာ ပိုမိုစည်ပင်သာယာစေရန် ကြိုးပမ်း ဆောင်ရွက် လိုကြောင်း ပြောကြားခဲ့ပါသည်။