တရုတ် စီချွမ်းလူဆန်းတွင် ရစ်ခ်ျတာစကေး ၆.၁ အဆင့် ငလျင်လှုပ်ခတ်ခဲ့ပြီး ယာအန်း မြို့မှ ပြည်သူ့လုံခြုံရေးဝန်ထမ်းများက အရေးပေါ်ကယ်ဆယ်

(GMT+08:00)2022-06-02 10:56:36  

ဒေသစံတော်ချိန် ဇွန်လ ၁ ရက်နေ့ ညနေ ၅ နာရီတွင် တရုတ်စီချွမ်း လူဆန်းခရိုင်တွင် ရစ်ခ်ျတာစကေး ၆.၁ အဆင့် ငလျင်လှုပ်ခတ်ခဲ့ပြီး ငလျင် အနက်သည် ၁၄ ကီလိုမီတာရှိကြောင်း၊ ယာအန်းမြို့မှ ပြည်သူ့လုံခြုံရေးဝန်ထမ်းများက အရေးပေါ် အစီအမံကို ဆောင်ရွက်ခဲ့ပြီး ကယ်ဆယ်ရေးအတွက် အစွမ်းကုန်ကြိုးစားခဲ့ကြောင်း သိရပါသည်။

ယခုအချိန်အထိ ရဲဝန်ထမ်း ၂၀၀၀ ကိုစေလွှတ်ခဲ့ပြီး ငလျင်ဘေးသင့်ဒေသရှိ ပြည်သူများ အတွက် ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို ဖယ်ရှားပေးပြီး ကယ်ဆယ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ကြကြောင်း သိရပါသည်။