ရှီကျင့်ဖိန်သည် ဘရာဇီးနိုင်ငံတွင် ပြင်းထန်သောရေကြီးမှုဖြစ်ပွားခြင်းနှင့်ပတ်သက်၍ ဘရာဇီးသမ္မတ ဘိုလ်စိုနာရောထံသို့ နှစ်သိမ့်ကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2022-06-02 14:08:16  

ဘရာဇီးနိုင်ငံတွင် ပြင်းထန်သော ရေကြီးမှု ဖြစ်ပွားသောကြောင့် လူများစွာ သေကျေဒဏ်ရာရရှိမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဇွန်လ ၁ ရက်နေ့တွင် ဘရာဇီးသမ္မတ ဘိုလ်စိုနာရော ထံသို့ နှစ်သိမ့်ကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ပြင်းထန်သော ရေးကြီးမှု ဖြစ်ပွားသောကြောင့် လူများစွာ သေကျေဒဏ်ရာရရှိမှုနှင့် ပစ္စည်းဥစ္စာ နှစ်နာဆုံးရှုံးမှု ဖြစ်ခဲ့ခြင်းကို သိရှိကြားရသည့်အတွက် မိမိသည် သေဆုံးသူများအတွက် ဝမ်းနည်းကြေကွဲဖြစ်မိပြီး ၄င်းတို့၏ ကျန်ရစ်သူမိသားစုနှင့် ဘေးသင့်သူများအား စေတနာသန့်သန့်ဖြင့် နစ်သိမ့်ပါကြောင်းဖော်ပြပါသည်။