ရှီကျင့်ဖိန်သည် ဇမ်ဘီယာသမ္မတနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2022-06-01 14:11:20  

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဇမ်ဘီယာနိုင်ငံသမ္မတ Hichilema နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

တရုတ်၊ ဇမ်ဘီယာ နှစ်ဖက်တို့သည် မဟာဗျူဟာအမြင်အရ နှစ်ဖက်ဆက်ဆံရေးကို ကိုင်တွယ်ပြီး နှစ်ဖက်စလုံး၏အမြုတေအကျိုးအမြတ်ပြဿနာများအပေါ် အပြန်အလှန် ကူညီ ထောက်ပံ့ပေးကာ ပါတီများအကြား ကူးလူးဖလှယ်မှုကို အားဖြည့်ပြုလုပ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး အတွေ့အကြုံများကို မျှဝေသင့်ကြောင်း၊ မဟာဗျူဟာ ကူးလူးဖလှယ်ရေးနှင့် ပေါ်လစီချိတ်ဆက်မှုကို အားဖြည့်ပြုလုပ်သင့်ကြောင်း၊ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် “လုပ်ငန်းစဉ်(၉)ရပ်”ကို ဘက်စုံ အကောင်အထည်ဖော်သင့်ကြောင်း၊ နယ်ပယ်အသီးသီး၌ အပြန်အလှန်အကျိုးပြု ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေသင့်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်သင့်ကြောင်း၊ တရုတ်သည် အာဖရိကနှင့်အတူ “The Belt and Road” အရည်အချင်းမြင့်မားစွာ အတူထူထောင်မှုကို တွန်းအားပေးပြီး ကျန်းမာရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု စသောနယ်ပယ်များဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေကာ အာဖရိက၌ စီးပွားရေး ပြန်လည် ရှင်သန်စေရေးနှင့် ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေးကို အကူအညီပေး၍ ခေတ်သစ် တရုတ်-အာဖရိက ကံကြမ္မာတူအသိုက်အဝန်းထူထောင်မှုကို တွန်းအားပေးလိုကြောင်း ရှီကျင့်ဖိန်က ပြောကြားပါသည်။

ဇမ်ဘီယာသည် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူဝါဒကို ပြတ်သားစွာ စွဲကိုင်ကြောင်း၊ တရုတ်မှ တင်သွင်းသော “The Belt and Road” ကမ်းလှမ်းချက်၊ တစ်ကမ္ဘာလုံးဖွံ့ဖြိုးရေးကမ်းလှမ်းချက်နှင့် တစ်ကမ္ဘာလုံး လုံခြုံရေးကမ်းလှမ်းချက်ကို ထောက်ခံကြောင်း၊ တရုတ်-အာဖရိက ပူးပေါင်း ဆောင်ရွက်ရေးဖိုရမ် မူဘောင်အောက်တွင် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုများကို အကောင်အထည်ဖော်ရန် တရုတ်နှင့်အတူ တက်ကြွစွာ တွန်းအားပေးပြီး နက်ရှိုင်းစေလိုကြောင်း Hichilema က ပြောကြားပါသည်။