ဥက္ကဋ္ဌရှီကျင့်ဖိန်သည် တရုတ်ကလေးစင်တာ တည်ထောင်ခဲ့သည့် နှစ် ၄၀ ပြည့် ဝမ်းမြောက်ကြောင်း စာပေးပို့

(GMT+08:00)2022-06-01 13:28:06  

 တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် မေလ ၃၁ ရက်နေ့က တရုတ်ကလေးစင်တာ တည်ထောင်ခဲ့သည့် နှစ် ၄၀ ပြည့် ဝမ်းမြောက်ကြောင်း စာ ပေးပို့ခဲ့ပါသည်။ ဥက္ကဋ္ဌရှီကျင့်ဖိန်က တရုတ်ကလေးစင်တာတည်ထောင်ခဲ့သည့် နှစ် ၄၀ ပြည့်မြောက်နေ့ ကျရောက်ခဲ့သည့် အခါသမယတွင် မိမိသည် လှိုက်လှဲစွာ ထောမနာ ပြုပါကြောင်း၊ လွန်ခဲ့သည့် နှစ် ၄၀ အတွင်း တရုတ်ကလေးစင်တာသည် ကလေးများ အား ဝန်ဆောင်မှုပေးပြီး   ဆိုရှယ်လစ်လုပ်ငန်းတည်ဆောက်သူများနှင့် ဆက်ခံသူများအား မွေးထုတ်ရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ဇွန်လ ၁ ရက် နိုင်ငံတကာ ကလေးများနေ့ ကျရောက်တော့မည့် အခါသမယတွင် မိမိသည် ပါတီဗဟိုကော်မတီကိုယ်စား နိုင်ငံတစ်ဝန်းက ကလေးများအား ထောမနာ ပြုပါကြောင်း ရေးသားဖော်ပြ ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။