ရှီကျင့်ဖိန်သည် အာရပ်စော်ဘွားများနိုင်ငံသမ္မတနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2022-06-01 14:10:11  

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌရှီကျင့်ဖိန်သည် မေလ ၃၁ ရက်နေ့ ညနေပိုင်းက အာရပ်စော်ဘွားများနိုင်ငံ သမ္မတ မူဟာမက်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

တရုတ်သည် အာရပ်စော်ဘွားများနိုင်ငံနှင့် နိုင်ငံတကာ၊ ဒေသတွင်းရေးရာများနှင့်ပတ်သက်၍ ရင်းနှီးစွာ ကူးလူးဖလှယ်လိုကြောင်း၊ တစ်ကမ္ဘာလုံးဖွံ့ဖြိုးရေးကမ်းလှမ်းချက်၊ တစ်ကမ္ဘာလုံး လုံခြုံရေး ကမ်းလှမ်းချက်နှင့်ပတ်သက်၍ အားဖြည့်ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးတည်ငြိမ်မှုကို ထိန်းသိမ်လိုကြောင်း၊ တစ်ကမ္ဘာလုံး စီမံအုပ်ချုပ်ရေးစနစ်ကို ပိုမို တရားမျှတသော ဦးတည်ချက်သို့ ဖွံ့ဖြိုးစေရန် တွန်းအားပေးလိုကြောင်း၊ ကမ္ဘာ့ ရေရှည် ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးရေးကို တွန်းအားပေးရန်အတွက် တက်ကြွစွာ အကျိုးပြုလိုကြောင်း ရှီကျင့်ဖိန်က ပြောကြားပါသည်။

အာရပ်စော်ဘွားများနိုင်ငံသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တွင် တရုတ်နှင့်အတူ ပြတ်သားစွာ ရပ်တည်မည်ဖြစ်ကြောင်း၊ နှစ်ဖက်တို့၏ ပူးတွဲကြိုးပမ်းမှုဖြင့် နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေးသည် ပိုမိုသာယာသော အနာဂတ်ရှိပြီး နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်စွာ အကျိုးဆောင်ကြဉ်း လာနိုင်မည်ဟု ယုံကြည်ကြောင်း မူဟာမက်က ထပ်မံပြောကြားပါသည်။