ရှန်ဟိုင်းမြို့တွင် ဇွန်လ ၁ ရက်နေ့မှစပြီး တစ်မြို့လုံး ပုံမှန်ကုန်ထုတ်လုပ်မှုနှင့်နေထိုင်မှု ဘက်စုံ နာလန်ပြန်ထူမည်

(GMT+08:00)2022-05-31 15:17:08  

ယခုလ ၃၁ ရက်နေ့က ကျင်းပသော ရှန်ဟိုင်းမြို့ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေး သတင်းစာ ရှင်းလင်းပွဲတွင် ရှန်ဟိုင်းမြို့ဒုမြို့တော်ဝန် ကျုန်းမင်က ယခုအကြိမ် ကိုဗစ်ရောဂါ ဖြစ်ပွားသည့်နောက်ပိုင်း ရှန်ဟိုင်း မြို့တွင် Dynamic zeroing မူဝါဒကို မယိမ်းမယိုင် စွဲကိုင်ဆောင်ရွက်ပြီး ကပ်ရောဂါပြန့်ပွါးမှုကို ပြတ်ပြတ် သားသား တားဆီးပြီး ပြည်သူများ၏ အသက်လုံခြုံရေးနှင့် ကျန်းမာရေးကို အာမခံပေးခဲ့ကြောင်း ပြောကြား ခဲ့သည်။

ရှန်ဟိုင်းမြို့၏ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေး အောင်မြင်မှုများ ဆက်လက်ခိုင်မြဲစေရေးနှင့် ပုံမှန် ကုန်ထုတ်လုပ်မှုနှင့် နေထိုင်မှု စနစ်တကျ နာလန်ပြန်ထူရေး အစီအစဉ်အရ ဇွန်လ ၁ ရက်နေ့မှစပြီး တစ်မြို့လုံးတွင် ပုံမှန်ကုန်ထုတ်လုပ်မှုနှင့် နေထိုင်မှု ဘက်စုံ နာလန်ပြန်ထူရေး ဖြစ်သည့် တတိယအဆင့်ကာလသို့ ဝင်ရောက်မည်ဖြစ်ကြောင်း သိရပါသည်။