ထိုင်ဝမ်ရေးရာသည် တရုတ်ပြည်တွင်းရေးဖြစ်ပြီး နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုကို ခွင့်ပြုမည် မဟုတ်ဟု တရုတ်ဆို

(GMT+08:00)2022-05-31 15:02:18  

မကြာခင်ရက်များက အမေရိကန်နိုင်ငံ၏ ထိုင်ဝမ်ဆိုင်ရာပြောဆိုချက်နှင့်ပတ်သက်ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟုန်စိန်က ထိုင်ဝမ်သည် တရုတ်ပြည်၏ ပြည်နယ်တစ်ခုဖြစ်ပြီး တရုတ်ပိုင်နက်နယ်မြေ၏ ခွဲမရသော အစိတ်အပိုင်းပင်ဖြစ်ကြောင်း၊ ထိုင်ဝမ် သီးခြားတည်ရှိရေး သွေးထိုးလှုံ့ဆော်ရန် ကြံဆချက်သည် အလွန်အန္တရာယ်ရှိကြောင်း အလေးထား ပြောကြားပြီး ဘက်အသီးသီးတို့အနေနှင့် တရုတ်ပြည်၏ အချုပ်အခြာအာဏာပိုင်ခွင့်ကို လေးစားပြီး မီးထဲသို့လောင်စာထည့်ခြင်းကဲ့သို့ လုပ်ရပ်ကိုမလုပ်ပါရန် ပန်ကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။

ယင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်နိုင်ငံသည် ဝန်ကြီးချုပ်ဟုန်စိန်၏ ထိုင်ဝမ်ဆိုင်ရာ ပြောဆိုချက်ကို တန်ဖိုးထား ချီးကျူးကြောင်း၊ ကမ္ဘာပေါ်တွင် တရုတ်ပြည် တစ်ပြည်တည်းသာရှိပြီး ထိုင်ဝမ်သည် တရုတ်ပြည်၏ တစ်စိတ်တစ်ပိုင်းဖြစ်၍ တရုတ်ပြည်သူ့သမ္မတ နိုင်ငံအစိုးရသည် တရုတ်ပြည်တစ်ပြည်လုံးကို ကိုယ်စားပြုသော တစ်ခုတည်းသော တရားဝင်အစိုးရပင်ဖြစ်ကြောင်း၊ ယင်းသည် နိုင်ငံတကာမိသားစုကြီး၏ သဘောတူညီချက် ဖြစ်ကြောင်း၊ ထိုင်းဝမ်ရေးရာသည် တရုတ်ပြည်တွင်းရေးဖြစ်ပြီး နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုကို ခွင့်ပြုမည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတော်အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ တည်တံ့ပြည့်စုံမှုကို ထိန်းသိမ်း ကာကွယ်ပြီး သွေးခွဲမှုကို ဆန့်ကျင်ကြောင်း၊ ယင်းသည် ကမ္ဘောဒီးယားအပါအဝင် နိုင်ငံတကာ မိသားစုကြီး၏ နားလည်မှုနှင့် ထောက်ခံမှုကိုရရှိနေပြီဖြစ်ကြောင်း မေလ ၃၀ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။