ကန်ကို စုံစမ်းစစ်ဆေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တောင်းဆို

(GMT+08:00)2022-05-31 15:28:15  

မေလ ၃၀ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂလူ့အခွင့်အရေး အဆင့်မြင့်မဟာမင်းကြီး Michelle Bachelet ၏ တရုတ်ခရီးစဉ်နှင့်ပတ်သက်သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ၏ မသင့်တော်သည့် ပြောဆိုချက်နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း က Michelle Bachelet ၏ တရုတ်ခရီးစဉ် အတောအတွင်း လှုပ်ရှားမှုများကို Bachelet၏ ဆန္ဒအလျောက် နှစ်ဖက်တို့မှ ပြည့်ပြည့်စုံစုံညှိနှိုင်းပြီးနောက် ဆောင်ရွက်ခြင်း ဖြစ်သည်၊ သတင်းစာရှင်းလင်းပွဲတွင် Michelle Bachelet ကလည်း တရုတ်ခရီးစဉ် အတောအတွင်း ကြီးကြပ်မှုမရှိဘဲ ကျယ်ကျယ်ပြန့်ပြန့် ကူးလူးဖလှယ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အဘယ်ကြောင့် ကန့်သတ်မှု၊ ခြယ်လှယ်မှု ဟူသည့် ပြောဆိုချက်ကို ထွက်လာသနည်းဟု ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း က စင်စစ်အားဖြင့် Michelle Bachelet ၏ တရုတ်ခရီးစဉ်ကို ခြယ်လှယ်သည်မှာ အမေရိကန်နိုင်ငံပင်ဖြစ်ကြောင်း၊ Michelle Bachelet အား တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် တောင်းဆိုခဲ့သည့်နိုင်ငံမှာ အမေရိကန် နိုင်ငံဖြစ်ကြောင်း၊ Michelle Bachelet မှ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် အနှောင့်အယှက်ပေးခဲ့သည့်နိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်ကြောင်း၊ Michelle Bachelet ၏ တရုတ်ခရီးစဉ်ကို မဟုတ်မမှန် ပုတ်ခတ်ပြောဆိုသည့်နိုင်ငံမှာလည်း အမေရိကန် နိုင်ငံဖြစ်ကြောင်း၊ ထို့ကြောင့် အမေရိကန်နိုင်ငံသည် လူ့အခွင့်အရေးကို ဂရုမစိုက်ဘဲ လူ့အခွင့်အရေးကို အကြောင်းပြုပြီး တရုတ်နိုင်ငံကို အဆက်မပြတ် မဟုတ်မမှတ် ပုတ်ခတ် ပြောဆိုရန်၊ ဖိနှိပ်ရန်၊ တားဆီးပိတ်ပင်ရန် ကြံစည်နေသည်ကို တွေ့မြင်နိုင်ကြောင်း၊ အမေရိကန်နိုင်ငံ၏ အယောင်ဆောင်ထားမှုနှင့် နိုင်ငံရေးကြံစည်ချက်ကို လူအများက ရှင်းလင်းပြတ်သားစွာ သိရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း က အမေရိကန်နိုင်ငံအနေဖြင့် ပြည်တွင်းရှိ ပြင်းထန်သော လူ့အခွင့်အရေးကျူးကျော်ထိပါးမှုများကို လျစ်လျူရှု၍ အခြားနိုင်ငံများအား ပြစ်တင်ရှုတ်ချရန်၊ ဝင်ရောက်စွက်ဖက်ရန် အရည်အချင်းမရှိကြောင်း၊ မိမိတို့အနေဖြင့် ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီးရုံးအား အမေရိကန်နိုင်ငံ၏ လူ့အခွင့်အရေး ပြဿနာကို စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာတင်သွင်းရန် တောင်းဆိုကြောင်း အလေးထား ပြောကြားခဲ့ပါသည်။