တရုတ်ပြည်ရဲ့ Dynamic zeroing ဆောင်ရွက်မှုဟာ လမ်းကြောင်းမှန် ဖြစ်တယ်

(GMT+08:00)2022-05-31 15:04:32  

   မကြာခင်က အမေရိကန် မီဒီယာမှ ထုတ်ပြန်တဲ့ အချက်အလက်များအရ အမေရိကန်မှာ ကိုဗစ်ရောဂါဟာ “အသံတိတ် တစ်ရှိန်ထိုး တိုးများလာနေဆဲ” ဖြစ်နိုင်ခြေ များတယ်လို့ သိရပါတယ်။ တစ်ချိန်တည်းမှာ တရုတ်နိုင်ငံ ပီကင်းမြို့နဲ့ ရှန်ဟိုင်းမြို့မှာ Dynamic zeroing နည်းလမ်းနဲ့ ရောဂါ ကူးစက်မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲဒါဟာ အမေရိကန်ရဲ့“Lying flat” နဲ့ တရုတ်ပြည်ရဲ့ “Dynamic zeroing” ဖြစ်တဲ့ မူဝါဒနှစ်မျိုးရဲ့ မတူခြားနားတဲ့ အကျိုးသက်ရောက်မှုနှစ်မျိုးပဲ ဖြစ်ပါတယ်။

   ကိုဗစ်-၁၉ ဖြစ်ပွားတဲ့နောက်ပိုင်း အမေရိကန်မှာ လူ ၁ သန်းကျော် ကိုဗစ်ရောဂါကြောင့် သေဆုံးခဲ့ပြီ ဖြစ်ပြီး ကလေး ၂ သိန်းလောက် မိဘမဲ့ ဖြစ်ခဲ့ရရှာပါတယ်။ ဒီဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်တွေရဲ့ အရင်းခံ အကြောင်းရင်းဟာ အမေရိကန်ရဲ့ ကူးစက်ရောဂါ ထိန်းချုပ်ရေးမှာ “ငွေရင်းကို ထိပ်ဆုံးနေရာမှာ ထားခြင်း”၊ “နိုင်ငံရေး အကျိုးစီးပွားကို ထိပ်ဆုံးနေရာမှာ ထားခြင်း” ကို လုပ်ဆောင်နေခြင်းကြောင့် ဖြစ်ပါတယ်။

   တရုတ်အစိုးရကတော့ “ပြည်သူများကို ထိပ်ဆုံးနေရာမှာ ထားခြင်း၊ အသက်ကို ထိပ်ဆုံးနေရာမှာ ထားခြင်း” မူကို တစ်လျှောက်လုံး စွဲကိုင်ပြီး Dynamic zeroing ကူးစက်ရောဂါ ထိန်းချုပ်ရေးမူကို စွဲကိုင်နေပါတယ်။ ဒီလိုနဲ့ ပြည်သူ သန်း ၁၄၀၀ ကျော်တို့ရဲ့ အသက်၊ ကျန်းမာရေးနဲ့ ပုံမှန် နေထိုင်မှု၊ ကုန်ထုတ်လုပ်မှုများကို အတတ်နိုင်ဆုံး အာမခံ ပေးနိုင်ခဲ့ပါတယ်။ အဲဒါ ကိုယ်၌ပင် နိုင်ငံတကာ ကူးစက်ရောဂါ တိုက်ဖျက်ရေးနဲ့ စီးပွားရေး နာလန်ပြန်ထူရေးအတွက် အကြီးဆုံးသော အကျိုးပြုမှု ဖြစ်ပါတယ်။ 

  “Lying flat” ဟာ အသုံးမပြုသင့်သော နည်းလမ်း ဖြစ်ပြီး Dynamic zeroing ဟာ တရုတ်ပြည်ရဲ့ လက်တွေ့အခြေအနေ၊ သိပ္ပံ ဥပဒေသနဲ့ ကိုက်ညီကာ အကျိုး သက်ရောက်မှု ထင်ရှားတဲ့ လမ်းကြောင်းမှန်ပဲ ဖြစ်တယ်လို့ အဖြစ်မှန်များက ပြည့်ပြည့်ဝဝ သက်သေ ပြနေပါတယ်။ အခု တစ်ကမ္ဘာလုံးမှာ ကိုဗစ် ရောဂါ ကူးစက်ပျံ့နှံ့မှု ပြင်းထန်ဆိုးဝါး နေသေးပြီး မသေချာ မရေရာမှု များနေပါသေးတယ်။ တရုတ်နိုင်ငံဟာ Dynamic zeroing ကို ဆက်လက် စွဲကိုင်မှာ ဖြစ်ပြီး အဲဒါဟာ တရုတ်ပြည်သူများအတွက် တာဝန်ယူခြင်း အပြင် တစ်ကမ္ဘာလုံး ပြည်သူများအတွက် တာဝန်ယူခြင်းလည်း ဖြစ်တယ်လို့ China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။