တရုတ်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အတူဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဖေါ်ဆောင် ခြင်းသည် ကမ္ဘာကြီးကို ပိုမို တရားမျှတ၊ သင့်မြတ်ဖေါ်ရွေ၊ တည်ငြိမ် အေးချမ်း စေမည်ဟု ဝမ်ယိ ဆို

(GMT+08:00)2022-05-31 16:23:57  

   ဒေသစံတော်ချိန် မေလ ၃၀ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဖီဂျီနိုင်ငံ၌ ဒုတိယအကြိမ်မြောက် တရုတ်- ပစိဖိတ်ကျွန်းနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ပြီးနောက် သတင်းထောက် များနှင့် တွေ့ဆုံရာ၌၊ မကြာမီက လူအချို့သည် တရုတ်နိုင်ငံက အဘယ်ကြောင့် တောင်ပစိဖိတ် ကျွန်းနိုင်ငံများအား တက်ကြွစွာ ကူညီထောက်ပံ့သနည်းဟု မယုံသင်္ကာ မေးခွန်းများ ထုတ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံကြီးတစ်နိုင်ငံ ဖြစ်ပြီး တာဝန် ကျေပွန်စွာ ထမ်းဆောင်တတ်သော နိုင်ငံကြီး တစ်နိုင်ငံလည်း ဖြစ်ကြောင်း၊ တရုတ် နိုင်ငံသည် တောင်ပစိဖိတ်ကျွန်းနိုင်ငံများအား ကူညီထောက်ပံ့သည့်အပြင် အာဖရိက၊ အာရှ၊ လက်တင်အမေရိကမှ ဖွံ့ဖြိုးဆဲနိုင်ငံများကိုလည်း ကူညီထောက်ပံ့ပေးပါကြောင်း၊ အကြောင်းမှာ တရုတ်နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံများ၊ အသေးစားနှင့်အလတ်စားနိုင်ငံများနှင့် ထာဝစဉ် အတူတူ ရပ်တည်ခြင်းကြောင့် ဖြစ်ကြောင်း၊ လူအချို့သည် အလွန်အမင်း စိုးရိမ်မပူပန်ပါနှင့်ဟု မိမိ တိုက်တွန်းလိုပြီး တရုတ်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အတူဖွံ့ဖြိုး တိုးတက်ရေးနှင့် စည်ပင်သာယာရေး ဖေါ်ဆောင်ခြင်းသည် ကမ္ဘာကြီးကို ပိုမို တရားမျှတ၊ သင့်မြတ်ဖေါ်ရွေ၊ တည်ငြိမ်အေးချမ်းစေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။