တရုတ်နိုင်ငံသည် စစ်မှန်သော နိုင်ငံစုံဝါဒကို လက်တွေ့ကျင့်သုံးရန်နှင့် သာယာလှပသော အာရှ-ပစိဖိတ်ကို အတူတကွ တည်ဆောက်ရန် ဒေသတွင်း နိုင်ငံများနှင့် လက်တွဲဆောင်ရွက်လို

(GMT+08:00)2022-05-31 15:13:51  

မလေးရှားနိုင်ငံဝန်ကြီးချုပ်ဟောင်း မဟာသီယာက ၂၇ ကြိမ်မြောက် အာရှ၏ အနာဂတ်ဆိုင်ရာ နိုင်ငံတကာအစည်းအဝေးတွင် “အိန္ဒိယ-ပစိဖိတ် စီးပွားရေးမူဘောင်” သည် နိုင်ငံရေးမူဘောင်ဖြစ်ပြီး စီးပွားရေးမူဘောင်မဟုတ်၍ ၄င်းက တရုတ်နိုင်ငံကို ဖယ်ထုတ်ပြီး ထိပ်တိုက်ရင်ဆိုင်ရန်အတွက်သာဖြစ်ကြောင်း၊ ယင်းသည် အာဆီယံနိုင်ငံများ စီးပွားရေးတိုးတက်မှုအတွက် အကျိုးမရှိကြောင်း၊ အမေရိကန်နှင့် တရုတ်နိုင်ငံကြား ပဋိပက္ခများ တိုးမြင့်လာမှုကို ရှောင်ရှားပြီး ဒေသတွင်းတည်ငြိမ်မှုကို ထိန်းသိမ်းသင့်ကြောင်း ပြောကြားခဲ့ပါသည်။ 

ယင်းနှင့်ပတ်သက်ပြီး မေလ ၃၀ ရက်နေ့တွင် ကျင်းပသော တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဝန်ကြီးချုပ်ဟောင်းမဟာသီယာ၏ ပြောဆိုချက်သည် ဒေသတွင်းနိုင်ငံအများစု၏ အမြင်သဘောထားများကို ဖော်ပြခဲ့ပြီး ဒေသတွင်းနိုင်ငံများ၏ အလေးထားမှုနှင့် အလိုချင်ဆုံးအရာများသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် စီးပွားရေးဖံွ့ဖြိုးတိုးတက်ရေး ဖြစ်သည်ကိုလည်း ရှင်းလင်းဖော်ပြခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် စစ်မှန်သော နိုင်ငံစုံဝါဒကို လက်တွေ့ကျင့်သုံးရန်၊ တံခါးဖွင့်သော ဒေသဆိုင်ရာစီးပွားရေးတည်ဆောက်ရန်နှင့် သာယာလှပသော အာရှ-ပစိဖိတ်ကို အတူတကွ တည်ဆောက်ရန် ဒေသတွင်း နိုင်ငံများနှင့် လက်တွဲဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။