သက်တမ်း နှစ် ၁၅၀၀ ကျော်ရှိသည့် North Grotto ဘုရားကျောင်း

(GMT+08:00)2022-05-30 13:49:07  

North Grotto ဘုရားကျောင်းသည် တရုတ်နိုင်ငံကန်စုပြည်နယ် ချင့်ယန်မြို့မှာ တည်ရှိပြီး ပေဝေ့မင်းဆက်ခေတ် ၅၀၉ ခုနှစ်က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ အဆက်မပြတ် တိုးချဲ့တည်ဆောက်ခြင်းဖြင့် ထူထပ်တဲ့ ဂူပေါက်အုပ်စုတွေ ဖြစ်လာပြီး လက်ရှိအချိန်အထိ ဂူကြီးငယ်ပေါင်း ၃၀၈ ခု ရှိပြီး ဂူအတွင်းထဲတွင် ဗုဒ္ဓရုပ်ပွားတော်၂၀၀၀ ကျော် ရှိပါသည်။ ၎င်းသည် တရုတ်ဗုဒ္ဓဘာသာ ဂူအနုပညာများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။