ရှင်ကျိုးအမှတ် ၁၄ ၏ အာကာသယာဉ်နှင့် သယ်ဆောင်ဒုံးပျံ၏ ပေါင်းစပ်ရာ လွှတ်တင်ရေးစခန်းသို့ ပို့ဆောင်ရောက်ရှိ

(GMT+08:00)2022-05-30 14:30:15  

ယခုလ ၂၉ ရက်နေ့က ရှင်ကျိုးအမှတ် ၁၄ လူပါအာကာသယာဉ်နှင့် Long March အမှတ် ၂  FYao ၁၄ သယ်ဆောင်ဒုံးပျံ၏ ပေါင်းစပ်ရာ လွှတ်တင်ရေးစခန်းသို့ ပို့ဆောင် ရောက်ရှိခဲ့သည်။

လက်ရှိအချိန်တွင် လွှတ်တင်ရေးစခန်းမှ အဆောက်အဦနှင့် စက်ပစ္စည်းများ၏ အခြေအနေကောင်းမွန်ပြီး မလွှတ်တင်မီတွင် စစ်ဆေးမှုနှင့် ပူးတွဲစမ်းသပ်မှုအရပ်ရပ်ကို စီစဉ်ထားသည့်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သတင်းအရ သိရသည်။