ကျဲ့ကျန်းပြည်နယ် ဟူကျိုးမြို့၊နွေဦးပိုး ပိုးအိမ်ရိတ်သိမ်းခြင်း ကောင်းမွန်လှ

(GMT+08:00)2022-05-30 13:55:15  

ယခုလောလောဆယ်သည် နွေဦးပိုး ပိုးအိမ်များ၏ ရောင်းဝယ်ခြင်း အချိန် ကာလကောင်းဖြစ်ပြီး၊ တရုတ်ပြည် ကျဲ့ကျန်းပြည်နယ် ဟူကျိုးမြို့ ဒယ်ချင်ခရိုင်မှ ပိုး မွေးမြူသူတို့သည် ပိုးအိမ်ကောက်ယူခြင်းနှင့် ရောင်းချခြင်းများကို ရှေ့ဆင့် နောက်ဆက် ဆောင်ရွက်လျက်ရှိကြသည်။ ဒယ်ချင်ခရိုင်သည် ပိုးနှင့် ပိုးစာများကို အဓိက ထွက်ရှိရာ ဒေသတစ်ခုဖြစ်ပြီး၊ ရှည်ကြာသော သမိုင်းရှိသည်ဟု သတင်းအရ သိရသည်။