ရက်ကန်းပညာဖြင့် သက်တံလို လှပသော ဘဝကို ရရှိ

(GMT+08:00)2022-05-30 14:49:10  

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တူလုံကျန်းကျေးရွာအုပ်စု တီကျန့်တန်းကျေးရွာရှိ အသက် ၇၀ကျော် အဖွား လီဝင်ရှိသည် မိသားစုနှင့်အတူ တူလုံ အမည်ခေါ် စောင်ကို ရက်လုပ်ပါသည်။ လီဝင်ရှိ ယက်လုပ်သော တူလုံ စောင်ကို ကျောပိုးအိတ်၊ ပုဝါ၊ ခါးပတ်များနှင့် အခြားစတိုင်များအဖြစ် လုပ်ထားပြီး ခရီးသည်များက အလွန်နှစ်သက် ကြိုက်သောကြောင့် မိသားစုအတွက် တစ်နှစ်လျှင် ဝင်ငွေ ယွမ်ထောင်ချီ ရရှိပါသည်။

၂၀၁၈ ခုနှစ်တွင် တူလုံကျန်းကျေးရွာအုပ်စုရှိ ကျေးရွာ ၆ ရွာလုံးသည် ဆင်းရဲမှုမှ လွတ်မြောက်ခဲ့ပြီး အဖွား လီဝင်ရှိ၏ မိသားစု ဘဝသည်လည်း ပိုမိုကောင်းမွန်လာပါသည်။ အခုဆိုလျှင် လီဝင်ရှိ၏ မြေးများနှင့် ရွာတွင်းရှိ လူငယ် ၁၀ ကျော်တို့သည် သူမထံမှ ရက်ကန်းပညာကို သင်ယူကြသည်။ အနာဂတ်အကြောင်းကို ပြောမိလျှင် လီဝင်ရှိက မျိုးဆက်သစ်လူငယ်များသည် ဘိုးဘေးများ၏ လက်ရာနည်းပညာကို အမွေဆက်ခံနိုင်ပြီး ကိုယ့်ခွန်ကိုယ့်အားကိုယ့်အတတ်ပညာဖြင့် သက်တံလို လှပ ကောင်းမွန်သော ဘဝကို ရရှိနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။