အသက် ၆၀ ကျော်အမေနှင့် PVS ရောဂါသည် သမီးတို့ရဲ့ ရက်ပေါင်း ၄၀၀၀ ဘဝ နေ့ရက်များ

(GMT+08:00)2022-05-30 14:53:29  

နာရီဝက်တစ်ကြိမ် ကိုယ်ခန္ဓာ လှန်ပေးသည်။

၃နာရီတစ်ကြိမ် အစာအရည်ကို အစာပြွန်ဖြင့် အစာကျွေးသည်။

၎နာရီတစ်ကြိမ် အခင်းကို ပြောင်းပေးသည်။

၈နာရီတစ်ကြိမ် ဆေးတိုက်သည်။

ပျမ်းမျှအားဖြင့် တစ်နေ့ ၅ ကြိမ် ခန္ဓာကိုယ်ကို ဆေးကြောသည်။

တစ်နေ့ ၁ ကြိမ် နေပူထဲသို့ ထွက်သည်။

တစ်နေ့အတွင်း အကြိမ်ပေါင်း သုံးလေးဆယ် သလိပ်စုပ်ပေးသည်။

တစ်ညလုံး အိပ်ချိန် ၄ နာရီထက် မများပါ။

ဤသည်မှာ အသက် ၆၀ ကျော်အရွယ် ဖွားဖွားဖန်ယွန်မေသည် persist vegetative states ဖြစ်သူ သမီးကို ၁၁ နှစ်ကြာ စောင့်ရှောက် ပေးသော နေ့စဉ်ဘဝပါ။

သက်ဆိုင်ရာစာရင်းအရ PVS ဖြစ်သူ ဘဝသက်တမ်းပျမ်းမျှအားဖြင့် ၃ နှစ်အောက်သာ ရှိပြီး ၁၀ နှစ်ကျော် အသက်ရှင်နေထိုင်သော PVS ဖြစ်သူ အလွန်ရှားပါးသည်။ သို့သော် ဖန်ယွန်မေသည် သာမန်လူတွေ စိတ်ကူးယဉ်၍ မရနိုင်ပြီး ခက်ခဲလွန်းသော ကြိုးပမ်းဆောင်ရွက်မှုများဖြင့် အံ့ဖွယ်ကောင်းသော အောင်မြင်မှုကို ဖန်တီးရရှိခဲ့ပေသည်။