ကွေ့ကျိုးပြည်နယ်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ တက်တက်ကြွကြွလုပ်ဆောင်နေပြီ

(GMT+08:00)2022-05-30 14:39:55  

    ယခုနှစ် နွေဦးရာသီကတည်းက ဆန်စပါးအထွက်နှုန်း တိုးမြှင့်လာရန်နှင့် လယ်သမားများ၏ ဝင်ငွေ တိုးများလာစေရန်အတွက် တရုတ်ပြည် ကွေ့ကျိုးပြည်နယ် မြောင်လူမျိုး တုန့်လူမျိုး ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ ထယ်ကျန်းခရိုင်တွင် ရိုးရာ စိုက်ပျိုးရေးပုံစံကို ပြောင်းလဲပြီး အရည်အသွေး ကောင်းသော စပါးပျိုးပင်ကို စိုက်ပျိုးကာ နွေဦးစပါးစိုက်ပျိုးရေးအတွက် အာမခံပေးရန် ရွာသူရွာသားများ အား လမ်းညွှန်ပေးခဲ့ပါသည်။ လက်ရှိအထိ စိုက်ပျိုးမွေးမြူထားသော အရည်အသွေးကောင်းသော စပါး ပျိုးပင် ခရိုင်အတွင်းရှိ ဧရိယာအကျယ်အဝန်း မိုးပေါင်း ၈၂၀၀ ကို စိုက်ပျိုးနိုင်မည် ဖြစ်ပါသည်။