ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့တွင် တရုတ်ကလေးများ အဆိုပြုချက် တင်သွင်းမည်

(GMT+08:00)2022-05-30 13:41:33  

၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့က ၃၅ ကြိမ်မြောက် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ကျရောက်တဲ့ အဲဒီနေ့မှာ တရုတ်နိုင်ငံရဲ့ကျောင်းအသီးသီးမှာ ဆေးလိပ်မသောက်ရေး အသိပညာပေး လှုပ်ရှားမှုများကို ပြုလုပ်တတ်တယ်။ ကျောင်းသားများက ဆေးလိပ်မသောက်ရေး ဆိုင်းဘုတ်ပြသခြင်း၊ ဆေးလိပ်မသောက်ရေး ဗဟုသုတများ သင်ယူခြင်း၊ ဆေးလိပ်မသောက်ရေး လက်ကမ်းစာစောင်များကို ပြုလုပ်ခြင်း စတာတွေ နည်းလမ်းမျိုးစုံနဲ့ပြုလုပ်ပြီး ဆေးလိပ်မသောက်ရေး စောင့်ထိန်းသူအဖြစ် တာဝန် ထမ်းဆောင် ကာ ဆေးလိပ်သောက်ခြင်းကိုဆန့်ကျင်ပြီး ကာဗွန်နည်းပြီး ကျန်းမာအောင် နေထိုင်ခြင်းကို တိုက်တွန်းကြပါတယ်။