တရုတ်ပြည်သူများသည် နိုင်ငံခြားသားများနှင့်အတူ ကောက်ညှင်းထုပ်ပွဲတော် ခံစားကြ

(GMT+08:00)2022-05-30 14:36:11  

မကြာခင်က တရုတ်ကျန်းစူးပြည်နယ် လျန်ယွင်ကန်မြို့ ပြင်းဟိုင်ရပ်ကွက်တွင် တရုတ်ပြည်သူများနှင့် နိုင်ငံခြားသားများသည် ကောက်ညှင်းထုပ်ပွဲတော်ကို အတူတကွ ခံစားကြဟူသော လှုပ်ရှားမှုကို ကျင်းပခဲ့သည်။ ရပ်ကွက်ရှိ စေတနာရှင်များနှင့် နိုင်ငံခြားသားများသည် ကောက်ညှင်းထုပ်ပွဲတော် ယဉ်ကျေးမှုကို ဆွေးနွေးရင်း ကောက်ညှင်းထုပ် ထုပ်ကြကာ တရုတ်ရိုးရာယဉ်ကျေးမှု၏ ဆွဲဆောင်မှုနှင့် အိမ်နီးချင်း အကြား နွေးထွေးသော ယဉ်ကျေးမှုကို ခံစားကြသည်။