ကွမ်ရှီး ကွေ့လင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးတွင် ပိတ်မိခဲ့ရသူများကို မီးသတ် သမားတို့က ကယ်ဆယ်

(GMT+08:00)2022-05-29 14:29:44  

လွန်ခဲ့သောရက်များအတွင်း တရုတ် ကွမ်ရှီး ကွေ့လင်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေများ စိုးရိမ်ရေမှတ်ထက် ကျော်လွန်သဖြင့် ရေလွှမ်းမိုးမှု ဖြစ်ကာ ကျေးလက်ဒေသရှိလမ်းများ ရေနစ်မြုပ်ခဲ့၍ ရွာသားများ ဘေးသင့်ခဲ့ရကြောင်း သိရပါသည်။

မေလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းတွင် ကွေ့လင်မြို့ လိဖူခရိုင် တုန်းချမ်းကျေးရွာမှာ လူ ၂ ဦးသည် ရေကြီးတွင် ပိတ်မိခဲ့ရသည်။ ဒေသခံမီးသတ်ဌာနသည် ကယ်ဆယ်ရေးအဖွဲ့ ၂ ဖွဲ့ကို ချက်ချင်း စေလွှတ်ပြီး ယင်းဘေးသင့်သူ ၂ ဦးကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။