တရုတ်-မြန်မာ ရထားလမ်းနှင့်ကားလမ်း ပူးပေါင်းပို့ဆောင်ရေးလမ်းကြောင်းသစ်ဖြင့် ပို့ဆောင်သော ပထမအသုတ် ကုန်ပစ္စည်းများ မြန်မာနိုင်ငံသို့ ဝင်ရောက်

(GMT+08:00)2022-05-29 14:34:56  

ဒေသစံတော်ချိန် မေလ ၂၈ ရက်နေ့တွင် တရုတ်-မြန်မာ ရထားလမ်းနှင့်ကားလမ်း ပူးပေါင်း ပို့ဆောင်ရေး လမ်းကြောင်းသစ်ဖြင့် ပို့ဆောင်သော ပထမအသုတ် ကုန်ပစ္စည်းများသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချင်းရွှေဟော် နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ပါသည်။

၎င်းကုန်ပစ္စည်းများသည် စက်ယန္တရားများ၊ အီလက်ထရွန် အပိုပစ္စည်းများ၊ မော်တော်ဆိုင်ကယ် အပိုပစ္စည်းများနှင့် အခြားကုန်ပစ္စည်းများအပါအဝင် စုစုပေါင်း ကုန်သေတ္တာ ၆၀  ရှိကြောင်း၊ မေလ ၂၃ရက်နေ့တွင် ရထားဖြင့် ချုံချင့်မြို့မှ စတင် ပို့ဆောင်ပြီး ယူနန်ပြည်နယ် လင်ဆောင်းမြို့သို့ ရောက်ရှိပြီးနောက် ကုန်းလမ်းဖြင့် ချိန်းပြောင်းပို့ဆောင်ကာ ဇွန်လ ပထမ ၁၀ ရက်ပိုင်းတွင် မြန်မာနိုင်ငံမန္တလေးမြို့သို့ အရောက်ပို့ဆောင်နိုင်မည်ဖြစ်ကြောင်းသိရပါသည်။

သမားရိုးကျလမ်းကြောင်းနှင့် နှိုင်းယှဉ်ပါက ဤပို့ဆောင်ရေးလမ်းကြောင်းသစ်ဖြင့် ပို့ဆောင်ချိန်ကို ရက်ပေါင်း ၂၀ သက်သာစေနိုင်ပြီး ပို့ဆောင်ရေးကုန်ကျစရိတ် ၂၀ ရာခိုင်နှုန်းလျော့နည်းစေနိုင်ကြောင်း သိရပါသည်။