အမေရိကန်၏ ကမ္ဘာ့အမြင်၊ တရုတ်အမြင်၊ တရုတ် အမေရိကန် ဆက်ဆံမှုအမြင်တွင် ပြင်းထန်သော တိမ်းမှားမှု ပေါ်ထွက်သည်ဟု ဝမ်ယိ ဆို

(GMT+08:00)2022-05-29 14:28:28  

ယခုလ ၂၈ ရက်နေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကင်၏ တရုတ်ပြည် အပေါ် မူဝါဒဆိုင်ရာ ဟောပြောချက်နှင့် ပတ်သက်သည့် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ယင်းတရုတ်ပြည်ဆိုင်ရာ ဟောပြောချက်သည် အမေရိကန်၏ ကမ္ဘာ့အမြင်၊ တရုတ်အမြင်၊ တရုတ် အမေရိကန် ဆက်ဆံမှုအမြင်တွင် ပြင်းထန်သော တိမ်းမှားမှု ပေါ်ထွက်သည်ဟု ပြသကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ဝမ်ယိက တရုတ်နိုင်ငံသည် အမေရိကန်က စိတ်ကူးထားသော တရုတ်နိုင်ငံ မဟုတ်ကြောင်း၊ လူသန်း ၁၄၀၀ တို့ ခေတ်မီရေးသို့ အတူ လျှောက်လှမ်းခြင်းသည် ကမ္ဘာကြီးအပေါ် ခြိမ်းခြောက် စိန်ခေါ်မှု မဟုတ်ဘဲ လူသားများ၏ ကြီးမားသော တိုးတက်မှု ဖြစ်ကြောင်း၊ မိမိတို့ အားကိုးသည်မှာ တရုတ်ကွန်မြူနစ်ပါတီ၏ ခိုင်ခံ့သော ခေါင်းဆောင်မှု၊ တရုတ်ပြည်သူများ၏ သွေးစည်းညီညွတ်မှုနှင့် ကြိုးပမ်းဆောင်ရွက်မှု၊ တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ်လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းတို့ ဖြစ်ကြောင်း၊ မိမိတို့၏ ရည်မှန်းချက်သည် တစ်ဦးဦးအား အစားထိုးရန်နှင့် ရန်စရန် မဟုတ်ဘဲ ပြည်သူများကို ပိုမို ကောင်းမွန်သော နေထိုင်မှုဘဝ ရရှိစေရန်နှင့် ကမ္ဘာကြီးအတွက် ပိုမို အကျိုးပြုရန် ဖြစ်ကြောင်း၊ တရုတ် အမေရိကန် ဆက်ဆံမှုသည် အမေရိကန် စီစဉ်ထားသော “zero sum”ယှဉ်ပြိုင်မှု မဟုတ်ကြောင်း၊ နိုင်ငံအချင်းချင်းမှာ တရားမျှတစွာ ယှဉ်ပြိုင်မှု ပြုလုပ်လို့ရပြီး တရုတ်နှင့် အမေရိကန် အကြားလည်း ယှဉ်ပြိုင်မှု ရှိနိုင်၍ ဆိုးသွမ်းသောသဘော ဖြစ်သည့် ယှဉ်ပြိုင်မှု မဖြစ်သင့်ကြောင်း ပြောကြားပါသည်။