ငြိမ်းချမ်းမှုထိန်းသိမ်းရေးအာဇာနည် Shen Liangliangအား လွမ်းဆွတ်သတိရ အခမ်းအနားကို မာလီနိုင်ငံရောက် တရုတ်နဝမအသုတ်ငြိမ်းချမ်းမှုထိန်းသိမ်းရေးအင်ဂျင်နီယာတပ်ဖွဲ့က ကျင်းပ

(GMT+08:00)2022-05-29 14:32:47  

၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင် ကုလသမဂ္ဂ အထွေထွေညီလာခံက ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးအတွက် အသက်ပေးလှူခဲ့ကြသော ငြိမ်းချမ်းမှုထိန်းသိမ်းရေး ဝန်ထမ်းများအား အထိမ်းအမှတ်ပြုသည့်အနေနှင့် နှစ်စဉ် မေလ ၂၉ ရက်နေ့ကို ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေး ဝန်ထမ်းများနေ့အဖြစ် သတ်မှတ်ခဲ့သည်။ မကြာခင်က ၂၀ကြိမ်မြောက် ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးဝန်ထမ်းများနေ့နှင့် အာဇာနည် Shen Liangliangကွယ်လွန်ခြင်း (၆) နှစ်ပြည့်အခါသမယတွင် မာလီနိုင်ငံရောက် တရုတ်နဝမအသုတ်ငြိမ်းချမ်းမှုထိန်းသိမ်းရေးအင်ဂျင်နီယာတပ်ဖွဲ့မှ စစ်မှုထမ်းများသည်  “မေလ ၃၁ ရက် အာဇာနည် အထိမ်းအမှတ်ဥယျာဉ်”တွင် မာလီနိုင်ငံတွင် အသက်ပေးလှူခဲ့သော ခမောက်ပြာစစ်သည်တော် Shen Liangliangကို လွမ်းဆွတ်သတိရ အခမ်းအနား ကျင်းပခဲ့သည်။