ရန်ကုန်မြို့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွါး၊ လူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိ

(GMT+08:00)2022-05-29 14:30:46  

ဒေသစံတော်ချိန် ယခုလ ၂၈ ရက်နေ့ ၁၂ နာရီခွဲခန့်တွင် မြန်မာနိုင်ငံရွှေပီသာမြို့နယ်ရှိ မြို့နယ်စံမံအုပ်ချုပ်ရေးရုံးတွင် အမည်မသိလက်နက်ကိုင်များ၏ပစ်ခတ်မှုကြောင့် အရာရှိတစ်ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံသို့ပိုပြီး ကုသနေကြောင်း သိရပါသည်။

ရဲတပ်ဖွဲ့ဝင်အများအပြားသည် အမှုဖြစ်ပွါးရာနေရာသို့ရောက်ရှိပြီး အနီးတစ်ဝိုက်ကို ပိတ်ဆို့ကာစစ်ဆေးရှာဖွေမှုပြုလုပ်သော်လည်း ယခုအထိ လက်နက်ကိုင်များကို မတွေ့ရှိသေးကြောင်း သိရပါသည်။